(ကျုပ်အတွက်ဆိုပဲ
ကဗျာဆရာတစ်ယောက်က
ဂုဏ်ပြုကဗျာတစ်ပုဒ်
ရေးဖွဲ့ထားသတဲ့
ဖတ်ပြီး ဘာသာပြန်ကြည့်ကြပါဦး။
ကျုပ်အတွက် လိုဂိုတစ်ခု ထပ်တိုးပြန်ပြီ လို့
ဒီဘလော့ဂ် အပ်ဒိတ်လုပ်ပေးတဲ့သူက ရယ်ရယ်မောမောဆိုတယ်။)
ဖေဖော်ဝါရီဆယ့်လေး
အာရင်ဘက် ပြောတယ်
နာ နာခံစားတတ်မှ ခံစားမှ
ရူးရူးမူးမူးကို ဖြစ်နေမှ
ကြီးမြတ်တဲ့အနုပညာလို့
မှူးမှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ
ကြီးတောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါ တဲ့
သန်းပေါင်းများစွာသော ချစ်တတ်သူများ
ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။
စောဝေ
1.10.2008

No comments:
Post a Comment