4/12/09

မင်းကံကောင်းတယ်မှတ်

တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ဘဘသန်းရွှေရယ် ၊ ဗလာဒီမင်ပူတင်ရယ် အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာအရောက် လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။ အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့

`အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´ လို့မေးလိုက်တယ်။

ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီး ပြန်ဖြေလိုက်တယ်။

ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်က ဘယ်လိုကံကောင်းခဲ့ပါသလဲ´လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ ကံကောင်းခဲ့တာပဲ ။ ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။

နောက်ဆုံး ဘဘသန်းရွှေကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့ ယေရှုက လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘသန်းရွှေကို အံကျိတ်ပြီးပြောလိုက်တယ်။

`အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်

10/18/08

cartoonist knows about me, Hee Hee!


သန်းရွှေ

10/1/08

game for me :D


Beruma's Game - How to shoot down Than Shwe - published September 30th 2008

Ad

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လေးဂွဖြင့်ပစ်နိုင်ပြီ

မိုးမခအထောက်တော် ၀၀၃

အောက်တိုဘာ ၁၊ ၂၀၀၈

စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်ခိုက်နိုင်သည့် အခွင့်အရေးမှာ လက်တကမ်း အကွာတွင်ရှိနေသည်။ စစ်ဆင်တိုက်ခိုက်ရေးအတွက် အင်တာနက် ချိတ်ဆက်ထားသည့် ကွန်ပြူတာတလုံးသာ လိုအပ်သည်။ moemaka.com သို့ သွားရောက်ပြီး သန်းရွှေကို ဘယ်လိုဆော်ရမလဲ ဟု အမည်ပေးထားသော ကွန်ပျူတာဂိမ်းကို အသုံးပြုရမည်ဖြစ်သည်။ ကာတွန်းဆရာ ဘိရုမာက မိုးမခ ပရိသတ်များအတွက် မြန်မာဆန်ဆန် တီထွင်ပေးလိုက်သည့် တိုက်ခိုက်ရေးနည်းလမ်းဖြစ်ကြောင်း သိရသည်။

နွားကျောင်းသားလေးက မိုးပေါ်မှ ထီးဖြင့်ဆင်းလာသော ဗိုလ်ချုပ်မှူးကြီးကို လေးဂွဖြင့် ပစ်ခတ်သည့် ကစားနည်းဖြစ်သည်။ တချက်ချင်း ပစ်နိုင်သကဲ့သို့၊ စက်သေနတ်ကဲ့သို့လည်း အဆက်မပြတ် ပစ်ခတ်နိုင်သည်။

ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်ကာလတွင် ထွက်ပေါ်လာသော အဆိုပါကစားနည်း၏ နောက်ခံပုံရိပ်တွင် ရန်ကုန်မြို့ရှုခင်း၊ သာသနာ့အလံနှင့် ဗုဒ္ဓဘာသာ ရဟန်း သံဃာများကို တွေ့ရသည်။

ယမန်နေ့က အဆိုပါဂိမ်းကို စမ်းသပ်ခွင့်ရသော မိုးမခ ၀က်ဘ်မာစတာက “မိုးမခပရိသတ်တွေ ဒီဂိမ်းကို ကြိုက်လိမ့်မယ်”ဟု ဟောကိန်းထုတ်လိုက်သည်။


နွားကျောင်းသားလေးက ဘယ်ညာ ပြေးလွှားနိုင်သည်။ ညာဘက်ထောင့်ရှိနံပတ်မှာ ပစ်မှတ်ကို ထိမှန်ခဲ့သည့် အရေအတွက် ဖြစ်သည်။ ပွဲစဉ်တခုပြီးဆုံးတိုင်း ရမှတ်များကို မှတ်သားထားသင့်သည်။ သို့မှသာ မိမိ၏ တိုက်ခိုက်ရေးစွမ်းအင် အတက်အကျကို သိရှိနိုင်သည်။

6/8/08

myanmar dot com with double "A"


ဘုန်းတန်ခိုး ကြီးတဲ့သူတွေများ ဟိုလူက ၀က်ဆိုက်လုပ်ပေးချင်၊ ဒီလူက ဘလော့ဂ် လုပ်ပေးချင်နဲ့။ အင်း - မနာလို မရှိကြနဲ့ဗျို့။
ကျုပ်တို့ဝက်ဆိုက်အသစ်ကို သွားချင်ရင်တော့ လိပ်စာက ဟောသမှာ - http://myanmaar.com
အေက ၂လုံးနော်။ ၁လုံးထဲဆို အဟောင်းကိုပဲ ရောက်သွားလိမ့်မယ်။
နည်းနည်း အသေးစိပ်သိချင်ရင် ဟောဒီကို သွားပေတော့ - http://moemaka.blogspot.com/2008/06/danish-art-group-ridicules-nay-pyi-taw.html

3/1/08

the select area is empty


ကျုပ်နဲ့ ကျုပ်ရဲ့မိဖုရားကြီးဗျာ။ စာထဲမှာတော့ ဘာတွေရေးထားမှန်းမသိဘူး။ ဘာသာပြန်ပေးပါဦး။

2/16/08

Junta Moves Zoo Animals in Myanmar


မောင်ရစ်ဆွဲတဲ့ ကာတွန်းဗျာ
သူက ဘာကို ဆိုလိုချင်မှန်းမသိဘူး။
အေပီသတင်းမှာတော့ Junta Moves Zoo Animals in Myanmar လို့ရေးထားတယ်ဆိုပဲ။

2/12/08

one more poem for me

ကျုပ်ကို ကဗျာတစ်ပုဒ်နဲ့ ဂုဏ်ပြုပြန်ပြီ တဲ့။
ဒီမှာ နဲ့ ဒီမှာ တွေ့ရတာပဲ။


စိတ်ရဲ့ တံခါးမှာ ဆေးရောင်အဖြူသုတ်ထားပါ။

မိတ်ဆွေ ခင်ပွန်းမရှိတဲ့ သစ်ပင်
စာ စာဝေ ပွင့်လန်းနိုင်မည်တဲ့လား
သန်းကြွယ် သူဌေးတစ်ယောက်ရဲ့
ရွှေရောင်အိပ်မက်….
လူတစ်ရောက်ရဲ့ စိတ်ကြောင့်ပင် အဆုံးသတ်သွားစေနိုင်ရဲ့
သတ်ပုံ တွေကို ကိုယ့်သမိုင်းမှာ မှားမှားရေးကြရင်..
သမာသမတ် ရှိနိုင်ပါ့မလား။
မားမားမတ်မတ် ရပ်တည်ခဲ့ပေမဲ့
င ပေါ တစ်ယောက်လို့ အပြောခံရသေးတာပဲ..။
ရဲရဲတောက်နေတဲ့ အတွင်းစိတ်မီး
ပြည်လုံးချမ်းသာပါစေ လို့ ဆုမတောင်းခဲ့ဘူး ..ငါ မှ ငါ..
သို့သော်လည်း… ငါတို့
သွားတွေဟာ ဖြူဖြူစင်စင် အစာကို ၀ါးစားဖို့ဘယ်တော့မှ စိတ်မကူးဘူး။

မနေ့တနေ့က အဖမ်းခံလိုက်ရတဲ့ ကဗျာဆရာ စောဝေရဲ့ အပြောင်မြောက်ဆုံးရေး ဟန်နဲ့ ရေးသားထားပါတယ်။မိတ်ဆွေများ အဓိပ္ပယ်ပေါက်ကြမယ်လို့လည်းထင် ပါတယ်။

2/8/08

some more postcards


မင်းတြားဂျီးကို ဂုဏ်ပြုဖန်တီးထားတဲ့ ပို့စကဒ်တွေကလည်း အဆက်မပြတ်



2/4/08

Senior General Bin La Shwe


အခုတလော ဗိုလ်ချုပ်မှူးကြီးကို ဂုဏ်ပြုရေးဆွဲထားတဲ့ Mr. Creator ရဲ့ လက်ရာတွေ အင်တာနက်မှာ ပျံ့နေလေရဲ့။ အကောင်းဆုံးပုံကို တင်ပေးလိုက်ပါပြီ။ ဘင်လာရွှေ လို့ ဖန်တီးသူက အမည်ပေးပါတယ်။

1/23/08

very nice poem for me!




(ကျုပ်အတွက်ဆိုပဲ
ကဗျာဆရာတစ်ယောက်က
ဂုဏ်ပြုကဗျာတစ်ပုဒ်
ရေးဖွဲ့ထားသတဲ့
ဖတ်ပြီး ဘာသာပြန်ကြည့်ကြပါဦး။
ကျုပ်အတွက် လိုဂိုတစ်ခု ထပ်တိုးပြန်ပြီ လို့
ဒီဘလော့ဂ် အပ်ဒိတ်လုပ်ပေးတဲ့သူက ရယ်ရယ်မောမောဆိုတယ်။)





ဖေဖော်ဝါရီဆယ့်လေး


အာရင်ဘက် ပြောတယ်

နာ နာခံစားတတ်မှ ခံစားမှ

ရူးရူးမူးမူးကို ဖြစ်နေမှ

ကြီးမြတ်တဲ့အနုပညာလို့

မှူးမှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ

ကြီးတောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါ တဲ့

သန်းပေါင်းများစွာသော ချစ်တတ်သူများ

ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။


စောဝေ
1.10.2008



1/14/08

24 hrs medical treatment


နိုင်ငံတော်အတွက် လုပ်ပေးနေရလို့ ကျန်းမာရေးတောင် ချို့ယွင်းလာပြီဗျာ။ ဆေးအိတ်နဲ့တစ်ယောက် တကောက်ကောက်လိုက်နေရတာသာ ကြည့်ပေတော့ အရပ်ကတို့ရေ။

buddha statue with Than Shwe's face

ကျုပ်မျက်နှာနဲ့တူအောင် အော်ဒါမှာထားတဲ့ ဆင်းတုတော်ဗျာ။ ရွှေတိဂုံဘုရား တောင်ဖက်မုခ်အခြမ်းမှာရှိတယ် ဆိုပဲ။ (ကျုပ်က အရှေ့အနောက်တောင်မြောက် သိပ်မခွဲတတ်လို့ သေချာမသိဘူး။) ဒီပုံကိုလည်း တင်ဖို့ မရည်ရွယ်ပါဘူး ကျုပ်ရဲ့ ဘလော့ဂ်မှာ။ တခြားလူတွေက တင်လိုက်တော့လည်း မထူးတော့ဘူးဆိုပြီး တင်လိုက်ပါပြီ။ မော်ဖူးစေဗျား-

vdo clip from "www.blip.tv"


စက်တင်ဘာတုန်းကဗျာ။ ကျုပ်ကောင်တွေက ဆူပူလိုသူတွေကို နှိပ်ကွက်လိုက်တာ ကျုပ်ဖြင့် အားရလိုက်တာ။ ပုံကိုပဲ ကလစ်ပြီး ကြည့်ပေတော့။ တခြားဝက်ဆိုက်တွေထက် မြင်ကွင်းနည်းနည်းပိုကျယ်တယ်။ you tube ထက် ပိုကြည်တယ်။ ကျုပ် blip.tv မှာ တွေ့ခဲ့တာ။ ကိုမိုးသီး ဘလော့ဂ်စပေါ့ဒေါ့ကွန်မှာ အရင်ဆုံး တင်ပြီးသားပါ။

ဒေါင်းလုတ်လုပ်တာ နည်းနည်းတော့ အချိန်ပေးရမယ်။ ထုံးစံအတိုင်း pause ကို နှိပ်ထားလိုက်။ တော်တော်လေးကြာမှ playပြန်လုပ်။ နို့မဟုတ်ရင် ပြတ်တောင်းပြတ်တောင်း ဖြစ်မယ်။


သင်တို့ရဲ့
သန်းရွှေ