4/12/09

မင်းကံကောင်းတယ်မှတ်

တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ဘဘသန်းရွှေရယ် ၊ ဗလာဒီမင်ပူတင်ရယ် အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာအရောက် လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။ အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့

`အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´ လို့မေးလိုက်တယ်။

ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီး ပြန်ဖြေလိုက်တယ်။

ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်က ဘယ်လိုကံကောင်းခဲ့ပါသလဲ´လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ ကံကောင်းခဲ့တာပဲ ။ ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။

နောက်ဆုံး ဘဘသန်းရွှေကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့ ယေရှုက လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘသန်းရွှေကို အံကျိတ်ပြီးပြောလိုက်တယ်။

`အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်

8 comments:

Anonymous said...

သို့မိတ်ဆွေကြီး
ခင်ဗျားတင်တဲ့ပို့စ်ဟာ ဘာသာရေးကို ထိခိုက်တယ်လို့မြင်တယ်။ယေရှုတော့ မဟုတ်လောက်ဘူးထင်တယ်။ယေရှုနေရာမှာ ဗုဒ္ဒဘုရား(သို့)အလာ(သို့)အစရှိသောဘုရားတွေရဲ့အမည်ကို တပ်ရင်ကော အဆင်မယ်လို့ထင်ပါသလား။
မိတ်ဆွေ ဇာနည်ဝင်း ကတော့နောက်ဆုံးသွားရမှာက ဘယ်ကိုလဲဆိုဒါ ကျွန်တော်သိတယ် သန်းရွှေနောက်လိုက်မယ်လို့ထင်ပါတယ်။ဖြစ်နိုင်ရင် ဒီပို့စ်ကို ဖျက်ရင်ကောင်းမယ်လို့ အကြံပေးလိုက်ပါတယ်။

ဆလိုင်းကျော်ကျော်
မြန်မာသတင်းနှင့်မီဒီယာအဖွဲ့(ပြည်ပ)

Salai KyawKyaw said...

သို့မိတ်ဆွေကြီး
ခင်ဗျားတင်တဲ့ပို့စ်ဟာ ဘာသာရေးကို ထိခိုက်တယ်လို့မြင်တယ်။ယေရှုတော့ မဟုတ်လောက်ဘူးထင်တယ်။ယေရှုနေရာမှာ ဗုဒ္ဒဘုရား(သို့)အလာ(သို့)အစရှိသောဘုရားတွေရဲ့အမည်ကို တပ်ရင် အဆင်ပြေမယ်လို့ထင်ပါတယ်။အဲဒီလိုပြောလိုက်တော့ ဘယ်လိုခံစားကြမယ်ဆိုဒါ သိမှာပါ မိတ်ဆွေအနေနဲ့ရိုဟင်ဂျာလား။အလာလား။
မိတ်ဆွေ ဇာနည်ဝင်း ကတော့နောက်ဆုံးသွားရမှာက ဘယ်ကိုလဲဆိုဒါ ကျွန်တော်သိတယ် သန်းရွှေနောက်လိုက်မယ်လို့ထင်ပါတယ်။ဖြစ်နိုင်ရင် ဒီပို့စ်ကို ဖျက်ရင်ကောင်းမယ်လို့ အကြံပေးလိုက်ပါတယ်။
လေးစားစွာဖြင့်

ဆလိုင်းကျော်ကျော်(CNA)
တော်လှန်ရေးရဲဘော်တစ်ဦး

Pu Doh said...

Please do no use the name Jesus Christ in joke nor do not post it. It is an insult to christinity and the Lord.